- နဗီတမန်တော်များ၊ သူတော်စင်များ၏ ကဗရ်များကို စဂ်ျဒဟ်ဦးချရာနေရာအဖြစ် သတ်မှတ်ကာ ဆွလာသ်ဝတ်ပြုခြင်းကို တားမြစ်ထားသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် ရှိရ်က်သို့ကျရောက်စေသည့် အကြောင်းခံဖြစ်သည်။
- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သောင်ဟီးဒ်တရားနှင့်ပတ်သက်၍ အလွန်အလေးအနက်ထား ဂရုစိုက်တော်မူသည်။ ထို့အတူ ကဗရ်များအား ဂုဏ်ပြုခြင်းများ ပြုလုပ်လာကြမည်ကိုလည်း အလွန်စိုးရိမ်တော်မူသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် ရှိရ်က်သို့ ကျရောက်စေသည့်အတွက်ဖြစ်သည်။
- ယဟူဒီ၊ နဆ်ွရာနီနှင့် ၎င်းတို့လုပ်ရပ်ကဲ့သို့ ကဗရ်များပေါ်တွင် အဆောက်အဦးဆောက်၍ ဦးချရာနေရာများ အဖြစ်သတ်မှတ်သူတို့အား လအ်နသ်ပို့ခြင်းပိုင်သည်။
- ကဗရ်သင်္ချိုင်းများပေါ်တွင် အဆောက်အဦးဆောက်လုပ်ခြင်းသည် ယဟူဒီ၊ နဆ်ွရာနီတို့၏ လမ်းစဉ်များအနက်မှဖြစ်ပြီး ဟဒီးဆ်တော်တွင် ၎င်းတို့နှင့် ဆင်တူအောင်ပြုခြင်းကို တားမြစ်ထားသည်။
- ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ထားခြင်း မရှိလျှင်လည်း ကဗရ်သင်္ချိုင်းများတွင် ဆွလာသ်ဝတ်ပြုခြင်း၊ ကဗရ်ဘက်သို့လှည့်၍ ဆွလာသ်ဝတ်ပြုခြင်းတို့သည် ကဗရ်သင်္ချိုင်းများကို ဦးချစရာနေရာများအဖြစ် သတ်မှတ်ခြင်း၌ အကျုံးဝင်သည်။