- လာဘ်ပေးခြင်း၊ လာဘ်ယူခြင်း၊ ကြားဝင်ဆောင်ရွက်ပေးခြင်း၊ အကူအညီပေးခြင်း စသည်တို့သည် လိမ်လည်လှည့်ဖျားမှုတွင် ရိုင်းပင်းကူညီခြင်းဖြစ်သောကြောင့် တားမြစ်ထားသည်။
- လာဘ်ပေး၊ လာဘ်ယူခြင်းသည် ကြီးလေးသောအပြစ်အကုသိုလ်ကြီးများတွင် ပါဝင်သည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လာဘ်ပေးသူနှင့် လာဘ်ယူသူတို့အား ‘လအ်နသ်’အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှ ကင်းဝေးစေရန် မကောင်းဆုတောင်းတော်မူခဲ့သည်။
- တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးတို့၌ လာဘ်ပေး လာဘ်ယူပြုခြင်းသည် အကြီးဆုံးပြစ်မှုဒုစရိုက်နှင့် အပြင်းထန်ဆုံး အပြစ်အကုသိုလ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုခြင်း၌ မတရားမှုနှင့် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ပို့ချထားခြင်းမရှိသော တရားဥပဒများဖြင့် ဆုံးဖြတ်ခြင်းတို့ပါဝင်သည်။