- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကောင်းမွန်လှသော သင်ကြားမှုပုံစံ တစ်ရပ်မှာ မတ်စ်အလဟ် ပြဿနာများကို မေးခွန်းမေးသည့် နည်းလမ်းဖြင့် ပို့ချခြင်းဖြစ်သည်။
- “အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်။” ဟု ဖြေကြားခဲ့ခြင်းသည် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ်ထားရှိသည့် ဆွဟာဗဟ်ကြီးများ၏ ရိုသေမှုပင်ဖြစ်သည်။
- အမေးခံရသူသည် မိမိမသိသောအရာကို ‘အလ္လာဟ်အရှင်မြတ်သာ အသိဆုံးဖြစ်ပါသည်’ဟု ပြောရမည်။
- အစ္စလာမ့် ရှရီအဟ်တရားလမ်းစဉ်သည် လူတို့ကြား၌ တာဝန်ဝတ္တရားများ၊ ညီနောင်စိတ်ဓာတ်များကို ထိန်းသိမ်းကာ လူ့အဖွဲ့အစည်းကို ကာကွယ်စောင့်ရှောက်ထားသည်။
- အတင်းပြောခြင်း ဟရာမ်ဖြစ်သည်။ သို့သော် အချို့အခြေအနေများတွင် ကောင်းကျိုးအတွက် ပြောခွင့်ရှိသည်။ ၎င်းတို့မှာ (၁) မတရားမှုကို ဖယ်ရှားရန်။ မတရားပြုခံရသူက မိမိ၏ ရပိုင်ခွင့်ကို ပြန်လည်ယူပေးနိုင်သူအား ကျွန်ုပ်ကို မည်သူမည်ဝါက မတရားလုပ်ခဲ့သည်။ မည်သို့လုပ်ခဲ့သည် စသည်ဖြင့်ပြောပြခြင်း။ (၂) အိမ်ထောင်ရေးကိစ္စ သို့မဟုတ် အစုစပ်ရှယ်ယာကိစ္စ သို့မဟုတ် အိမ်နီးချင်းကိစ္စ စသည်တို့နှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်ခြင်းမျိုးဖြစ်သည်။