- တရားတော်၌ အသိအမှတ်ပြုထားသော ဆွေမျိုးဆက်ခြင်းဟူသည် ဆွေမျိုးသားချင်းများအနက် သင့်အား အဆက်ဖြတ်သူကို ဆက်သွယ်ခြင်း၊ မတရားပြုသူကို ခွင့်လွှတ်ခြင်း၊ မပေးကမ်းဘဲနေသူကို ပေးကမ်းခြင်းတို့ ဖြစ်ပြီး သူ့ဘက်က အဆက်အသွယ်ထားသည့်အတွက် ကိုယ့်ဘက်က ပြန်ဆက်သွယ်ခြင်း၊ ကျေးဇူးအစား ကျေးဇူးတုံ့ပြန်ခြင်းမျိုး မဟုတ်ပါ။
- ဆွေမျိုးအဆက်ထားခြင်းဟူသည် ငွေကြေးဥစ္စာပေးကမ်းခြင်း၊ ဒုအာတောင်းပေးခြင်း၊ ကောင်းရာညွှန်ကြားခြင်း၊ မကောင်းမှုမှ တားမြစ်ခြင်း စသည်ဖြင့်
- တတ်နိုင်သမျှ ကောင်းကျိုးများဆောင်ရွက်ပေးခြင်း၊ ဆိုးကျိုးများကို တတ်နိုင်သမျှ ဖယ်ရှားပေးခြင်းဖြစ်သည်။