- ဆွေမျိုးသားချင်းဟူသည် ဖခင်၊ မိခင်ဘက်မှ ဆွေမျိုးတော်စပ်သူများဖြစ်ကြပြီး ဆွေမျိုးနီးစပ်သည်နှင့်အမျှ အဆက်ထားရန်လည်း ပို၍လိုအပ်သည်။
- လုပ်ရပ်အမျိုးအစားနှင့်အညီ အစားရလဒ်ရရှိမည်ဖြစ်သည်။ မည်သူမဆို မိမိ၏ ဆွေမျိုးသားချင်းတို့အား ကောင်းမွန်စွာ ဆက်ဆံခြင်း၊ ကောင်းကျိုးပြုခြင်းတို့ဖြင့် အဆက်ထားလျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်း၏သက်တမ်းကိုရှည်လျားစေပြီး၊ ရိုဇီရိက္ခာကျယ်ဝန်းစွာ ချီးမြှင့်တော်မူမည်ဖြစ်သည်။
- ဆွေမျိုးသားချင်း အဆက်ထားခြင်းသည် ရိုဇီရိက္ခာ ကျယ်ဝန်းရန်နှင့် သက်တမ်း ရှည်လျားရန်အတွက် အကြောင်းခံတစ်ရပ်ဖြစ်သည်။ သက်တမ်းနှင့် ရိုဇီရိက္ခာသည် သတ်မှတ်ထားပြီးဆိုလျှင် ဆွေမျိုးအဆက်ထားခြင်းကြောင့် ရိုဇီရိက္ခာနှင့် သက်တမ်းတွင် ဗရကသ် ရရှိမည်ဖြစ်သည်။ ထို့ကြောင့် သူ၏သက်တမ်းတွင် အခြားသူများထက် ပို၍အကျိုးရှိသောအရာများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အချို့ကလည်း ရိုဇီရိက္ခာ ကျယ်ဝန်းခြင်းနှင့် သက်တမ်းရှည်လျားရန်ခြင်းမှာ အမှန်တကယ်ပင်ဖြစ်သည်ဟုဆိုကြသည်။ အလ္လာဟ်အရှင်မြတ်သာ အသိဆုံးဖြစ်သည်။