- ကုရ်အာန်ကျမ်းတော်မြတ်ကို ဂုဏ်ပေးလေးစားသကဲ့သို့ ဟဒီးဆ်တော်ကိုလည်း ဂုဏ်ပေးလေးစားကာ လိုက်နာကျင့်သုံးရမည်။
- တမန်တော်မြတ်၏အမိန့်ကို နာခံခြင်းသည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကို နာခံခြင်းဖြစ်ပြီး တမန်တော်မြတ်၏အမိန့်ကို ဖီဆန်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏အမိန့်ကို ဖီဆန်ခြင်းဖြစ်သည်။
- ဟဒီးဆ်သည်အထောက်ထားဖြစ်ကြောင်း အတည်ပြုထားပြီး ဟဒီးဆ်ကိုလက်မခံကြသူများ၊ ငြင်းပယ်ကြသူများကို ချေပထားသည်။
- ဟဒီးဆ်ကိုကျောခိုင်း၍ ကုရ်အာန်ကျမ်းမြတ်ဖြင့်သာ လုံလောက်ကြောင်း ပြောဆိုသူသည် ကုရ်အာန်ကျမ်းမြတ်နှင့် ဟဒီးဆ် နှစ်မျိုးစလုံးကို ကျောခိုင်းသူ၊ ကုရ်အာန်ကျမ်းမြတ်ကို နောက်လိုက်သည်ဟု လိမ်လည်ကြွေးကြော်သူသာဖြစ်သည်။
- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နဗီဖြစ်ကြောင်းအထောက်များအနက်မှအချို့မှာ ကိုယ်တော်မြတ်သည် အနာဂတ်တွင်ဖြစ်ပေါ်လာမည့်အရာကို ကြိုတင်ပြောပြခြင်းနှင့် ပြောပြခဲ့သည့်အတိုင်းဖြစ်ပေါ်လာခြင်းပင် ဖြစ်သည်။