- မုသားကျိန်ဆိုခြင်းသည် အပြစ်အလွန်ကြီးပြီး ၎င်း၏အန္တရာယ်မှာလည်း ပြင်းထန်လှသည့်အတွက် (ကဖ္ဖာရဟ်) အပြစ်ချေဖျက်ပးမည့်အရာ မရှိပါ။ ထိုပြစ်မှုအတွက် ‘သောင်ဗဟ်’ အမှားဝန်ချတောင်းပန်မှုပြုရမည်။
- ဟဒီးဆ်တော်တွင် ဤအပြစ်လေးမျိုးကိုသာ ပြစ်မှုကြီးများအဖြစ် ဖော်ပြထားခြင်းမှာ ၎င်းတို့၏ အပြစ်ကြီးမားမှုကြောင့်ဖြစ်ပြီး ဤပြစ်မှုများသာ ပြစ်မှုကြီးများဖြစ်သည်ဟု ရည်ရွယ်ထားခြင်း မဟုတ်ပါ။
- အပြစ်အကုသိုလ်ကို ‘ကဗီရဟ်’ ပြစ်မှုကြီးများနှင့် ‘ဆွဂီရဟ်’ ပြစ်မှုအသေးများဟူ၍ ခွဲထားသည်။ ပြစ်ဒဏ်စီရင်ခြင်း၊ ‘လအ်နသ်’ကျိန်ဆဲခြင်းကဲ့သို့ လောက၏ပြစ်ဒဏ်ခတ်မှုများ သို့မဟုတ် ငရဲမီးသို့ ဝင်ရောက်ရမည်ဟူသော အာခိရသ်ဆိုင်ရာ သတိပေးခြိမ်းခြောက်မှုများပါသော ပြစ်မှုများသည် ‘ကဗီရဟ်’ ပြစ်မှုကြီးများဖြစ်သည်။ ပြစ်မှုကြီးများတွင် အဆင့်များရှိပြီး အချို့က အချို့ထက် ဟရာမ်ဖြစ်ရာတွင် ပိုပြင်းထန်သည်။ ပြစ်မှုကြီးများမှလွဲ၍ ကျန်အပြစ်အကုသိုလ်များသည် ‘ဆွဂီရဟ်’ ပြစ်မှုအသေးများဖြစ်ကြသည်။