- အကြီးမားဆုံးပြစ်မှုမှာ ရှိရ်က် အလ္လာဟ်အရှင်မြတ်အား ဖက်စပ်ယှဉ်တွဲ ကိုးကွယ်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အရှင်မြတ်သည် ရှိရ်က်အား ပြစ်မှုကြီးများ၏ အရင်းအမြစ်နှင့်၊ အကြီးဆုံးအပြစ်အကုသိုလ်အဖြစ် သတ်မှတ်ထားသည်။ ဤအချက်ကို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကအတည်ပြုထားသည် - (ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တစ်စုံတစ်ရာကို မိမိနှင့် တွဲဖက်ယှဉ်ပြိုင် ကိုးကွယ်ခြင်းကို လွတ်ငြိမ်းချမ်းသာခွင့် အလျှင်းပေးတော်မူမည် မဟုတ်ပေ။ သို့ရာတွင် ထိုတွဲဖက်ယှဉ်ပြိုင် ကိုးကွယ်မှုမှတစ်ပါး အခြားပြစ်မှု ဒုစရိုက်တို့ကိုမူကား မိမိအလိုရှိတော်မူသောသူအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူအံ့။) ကုရ်အာန် (၄း၄၈)
- မိဘနှစ်ပါးနှင့် ပတ်သက်သည့် ဝတ္တရားများသည် ကြီးကျယ်လှသည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့နှစ်ဦး၏ တာဝန်ဝတ္တရားကို မိမိနှင့်သက်ဆိုင်သည့် တာဝန်ဝတ္တရားဖြင့် ပူးတွဲတင်ပြထားသည်။
- အပြစ်အကုသိုလ်ကို ‘ကဗီရဟ်’ ပြစ်မှုကြီးများနှင့် ‘ဆွဂီရဟ်’ ပြစ်မှုအသေးများဟူ၍ ခွဲထားသည်။ ပြစ်ဒဏ်စီရင်ခြင်း၊ ‘လအ်နသ်’ကျိန်ဆဲခြင်းကဲ့သို့ လောက၏ပြစ်ဒဏ်ခတ်မှုများ သို့မဟုတ် ငရဲမီးသို့ ဝင်ရောက်ရမည်ဟူသော အာခိရသ်ဆိုင်ရာ သတိပေးခြိမ်းခြောက်မှုများပါသော ပြစ်မှုများသည် ‘ကဗီရဟ်’ ပြစ်မှုကြီးများဖြစ်သည်။ ပြစ်မှုကြီးများတွင် အဆင့်များရှိပြီး အချို့က အချို့ထက် ဟရာမ်ဖြစ်ရာတွင် ပိုပြင်းထန်သည်။ ပြစ်မှုကြီးများမှလွဲ၍ ကျန်အပြစ်အကုသိုလ်များသည် ‘ဆွဂီရဟ်’ ပြစ်မှုအသေးများဖြစ်ကြသည်။