- ဇွလ်ဟဂ်ျလ၏ ပထမဆယ်ရက်သည် အလွန်မွန်မြတ်လှသည်။ သို့ဖြစ်၍ မွတ်စ်လင်မ်တစ်ဦးသည် ထိုရက်များတွင် အလ္လာဟ်အရှင်မြတ်အားများစွာ ဇိက်ရ်လုပ်ခြင်း၊ ကျမ်းမြတ်ကုရ်အာန် ဖတ်ရွတ်ခြင်း၊ “အလ္လာဟ် အက်ဗရ်” ဆိုခြင်း၊ “လာအိလာဟ အိလ္လာဟ်“ဆိုခြင်း၊ “အလ်ဟမ်ဒု လိလ္လာဟ်“ဆိုခြင်း၊ ဆွလာသ်ဝတ်ပြုခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ ဆွိယာမ် ဥပုသ်စောင့်ခြင်း၊ အခြားကောင်းမှုကုသိုလ်များကိုပြုလုပ်ကာ အကျိုးရှိစွာ ကုန်ဆုံးရမည်ဖြစ်သည်။