- အလ္လာဟ်အရှင်မြတ်၏ (ရှရီအဟ်) တရားတော်အား ပို့ချရန် တိုက်တွန်းထားသည်။ လူတစ်ဦးသည် အနည်းငယ်မျှပင်ဖြစ်စေ မိမိကျက်မှတ် နားလည်သဘောပေါက်ထားသည့်အရာအား ပို့ချရမည်။
- အလ္လာဟ်အရှင်မြတ်ကို ခဝပ်ကိုးကွယ်ရန်နှင့် အလ္လာဟ်အရှင်မြတ်၏ ရှရီအဟ်တရားတော်ကို အမှန်အတိုင်းပို့ချနိုင်ရန်အတွက် ရှရီအဟ်တရားတော်ကို သင်ယူဆည်းပူးရန် ဝါဂျိဗ်တာဝန်ဖြစ်သည်။
- အထက်တွင်ဖော်ပြခဲ့သော သတိပေးတားမြစ်ချက်သို့ မကျရောက်စေရန် မည်သည့်ဟဒီးဆ်တော်ကိုမဆို မပို့ချမီ၊ မဖြန့်ချိမီအလျင် မှန်ကန်မှုရှိမရှိ စစ်ဆေးရန် အရေးကြီးသည်။
- စကားပြောရာတွင် လိမ်လည်မှု၌ မကျရောက်စေရန်အတွက် ဆင်ခြင်ရန်နှင့် မှန်ကန်စွာပြောဆိုရန် တိုက်တွန်းထားသည်။ အထူးသဖြင့် အနန္တတန်ခိုးတော်ရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ တရားဥပဒေပြဌာန်းချက်နှင့်ပတ်သက်၍ မှန်ကန်စွာပြောဆိုရမည်။