- လူတို့ထံ၌ရှိသော ဥစ္စာပစ္စည်းများသည် အလ္လာဟ်အရှင်မြတ်၏ ဥစ္စာပစ္စည်းသာဖြစ်သည်။ အရှင်မြတ်သည် ထိုပစ္စည်းများအား တရားတော်က ခွင့်ပြုထားသည့် နည်းလမ်းများအတိုင်း သုံးစွဲရန်နှင့် မမှန်မကန်သုံးစွဲခြင်းမှ ရှောင်ကြဉ်ရန် ၎င်းတို့အား တာဝန်ပေးထားခြင်းဖြစ်သည်။ ဤပညတ်ချက်သည် ခေါင်းဆောင်များဖြစ်စေ၊ အခြားသူများဖြစ်စေ အားလုံးနှင့်သက်ဆိုင်သည်။
- အများပိုင်ပစ္စည်းနှင့်ပတ်သက်လျှင် ရှရီအဟ် တရားဥပဒေသည် အလွန်ပင်တင်းကြပ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ တာဝန်ယူရသူ မည်သူမဆို ကိယာမသ်နေ့၌ ၎င်း၏စုဆောင်းမှု၊ သုံးစွဲမှုများအတွက် စာရင်းစစ်ခံရမည်ဖြစ်သည်။
- မိမိပစ္စည်းကိုဖြစ်စေ၊ အခြားသူ၏ပစ္စည်းကိုဖြစ်စေ ရှရီအဟ်တရားတော်နှင့် ဆန့်ကျင်ဘက် သုံးစွဲသူမည်သူမဆို ဤသတိပေး ခြိမ်းခြောက်မှုတွင် ပါဝင်သည်။